ပြည်ခိုင်ဖြိုးပါတီနှင့် MCC ပူးပေါင်းဖွင့်လှစ်သော နွေရာသီ ရက်တိုကွန်ပျူတာသင်တန်း ဆင်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် MCC တို့ ပူးပေါင်းဖွင့်လှစ်သော ကလေးများအတွက် နွေရာသီရက်တို ကွန်ပျူတာ သင်တန်းဆင်းပွဲကို မေလ (၄) ရက်နေ့ နံနက် (၉) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ အရန်ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ သင်တန်းသား/ သင်တန်းသူများ စုပေါင်း အင်အား (၁၆၀) ဖြင့် အောင်မြင်စွာ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ (နာယက) ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း တို့က သင်တန်းသား/ သင်တန်းသူများအား ဗလာစာအုပ် စုစုပေါင်း ဒါဇင် (၉၀) လှူဒါန်းခဲ့ကြောင်း သိရသည်။


Leave a Reply