အပူလောင်ခြင်းကို အမြန်သက်သာပျောက်ကင်းစေမည့်အလွယ်ကူဆုံး နည်းလမ်း (၅) ခု

13178999_1093592430704607_7762362499327159517_n

၁။ သွားတိုက်ဆေးအလွန်ရိုးရှင်းတဲ့ အိမ်တွင်းသဘာဝနည်းလမ်းပါ။ အရင်ဆုံးအပူလောင်ဒဏ်ရာကို ရေအေးနှင့်ဆေးပါ။ ပြီးရင်တော့ မျက်နှာသုတ်ပ၀ါနှင့် ခြောက်သွား သည်အထိသုတ်ပေးပါ။ ခြောက်သွားရင် အပူလောင်တဲ့နေရာကို သွားတိုက်ဆေးနှင့်လိမ်းပေးပါ။ လိမ်းပြီးတဲ့အခါမှာ အချိန်ကြာကြာထားနိုင် သလောက်ထား ပေးပါ။

၂။ ရှာလကာရည် ရှာလကာရည်မှာ အပူလောင်ဒဏ်ရာတွေကို အမြန်ဆုံးသက်သာစေတဲ့ PH ဂုဏ်သတ္တိ မြောက်မြားစွာပါဝင်ပါတယ်။ အ၀တ်ပါးစတစ်ခုကို ရှာလကာရည်ထဲမှာစိမ်ထားပြီး အပူလောင်တဲ့ နေရာမှာ နာရီဝက်ခန့်ကြာအောင် ကပ်ထားပေးပါ။ ဒါမှမဟုတ် ရှာလကာရည်ကို ဂွမ်းစလေးနဲ့စွတ်ပြီး သုတ်လိမ်းပေးပါ။

၃။ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ် အနှစ်တွေကို အပူလောင်တဲ့ ဒဏ်ရာထဲစိမ့်ဝင်သွားအောင်လိမ်းပြီး တစ်နာရီခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေးနှင့် ဆေးချပေးပါ။

၎။ နို့ (milk) -နို့ရည်သည် အပူလောင်ဒဏ်ရာကို သက်သာစေတဲ့ အကောင်းဆုံး သဘာဝနည်းလမ်း တစ်ခုပါ။ အပူလောင်ဒဏ်ရာကို နို့ရည်ထဲမှာ ၁၅-၂၀မိနစ်အထိ စိမ်ထားပေးပါ။ ဒါမှမဟုတ် အ၀တ်ပါးလေး တစ်ခုကို နို့ရည်ထဲမှာနှစ်ပြီး အပူလောင်ထားတဲ့နေရာမှာ ကပ်ထားပေးပါ။ တစ်နေ့ ၂ ကြိမ်ပြုလုပ် ပေးခြင်းဖြင့် အပူ လောင်ခြင်းမှ အမြန်ဆုံးသက်သာသွားပါ လိမ့်မယ်။

၅။ ဆားဖျော်ရည် –ဆားလက်ဖက်စားဇွန်း (၂)ဇွန်းနှင့် ရေအနည်းငယ်ကို ရောစပ်ပြင်ဆင်ပေးပါ။
အပူလောင် ဒဏ်ရာကို အဆိုပါဆားရည်နှင့် ၂နာရီတစ်ခါ တစ်နေ့သုံးကြိမ် ဆေးကြောပေးခြင်းဖြင့် သိသိ သာသာ သက်သာလာပါလိမ့်မယ်။  Credit to သုတဇုန်


Leave a Reply