ဗဟန်းပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးစတင်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးပွဲကို မေလ (၄) ရက် မွန်းလွဲပိုင်းက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အနောက်ပိုင်းခရိုင်ပါတီအတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင် များ၊ ရပ်ကွက်ပေါင်းသုံးရပ်ကွက်မှ ပါတီဝင် စုစုပေါင်း (၈ဝ) ခန့် တက်ရောက်ခဲ့ကြပြီး ခရိုင်ပါတီ အတွင်းရေးမှူးက ပါတီအဆင့်ဆင့်ရွေးချယ်ပုံကို ရှင်းလင်းပြောကြားကာ ပါတီမှချမှတ်ထားသည့် မူငါးချက်နှင့်အညီ တက်ရောက်လာသူများက ပထမအဆင့် တက်ရောက် လာသူများအနက် (၁ဝ) ဦးကို စတင်ရွေးချယ်ပြီး ဒုတိယအဆင့်အဖြစ် အသိအမှတ်ပြု ကိုယ်စားလှယ် ငါးဦး၊ အရန် ငါးဦးကို ရပ်ကွက်အဆင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ယူဒီနေ


Leave a Reply