ဒေသခြောက်ခု နေရာကွက်မိုးကြီးနိုင်၊ ချင်းပြည်နယ်၌ မြေပြိုအန္တရာယ်သတိထားရန် ဒေါက်တာထွန်းလွင် သတိပေး

TMD

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ချင်းပြည်နယ်၌ မြေပြိုမှုအန္တရာယ် ကြိုတင်သတိထားရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။ တိဗက်ကုန်းမြေမြင့်ပေါ်သို့ ထိုးဆင်းလာသော လေအေးများနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေနွေးများ ထိတွေ့မှုဖြစ်ပြီး ဟိမဝန္တာ တောင်ခြေ တစ်လျှောက်တွင် မိုးတိမ်တောင်များတန်းစီ၍ ဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များ ပိုမိုအားကောင်းလာကာ အထက်ပိုင်းဒေသများ၌ နေရာကွက်၍ မိုးသည်း ထန်စွာ ရွာနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မေလ ၅ ရက်တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာနိုင်သော ဒေသများအဖြစ် ချင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ကချင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့ကို သတိပေးထားသည်။

ချင်းပြည်နယ်သည် ယမန်နှစ်က မြေပြိုမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ ၍ ပုံမှန်ထက်ပိုသော မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှုအန္တရာယ်ရှိကြောင်း သတိပေးထား ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ် အထက်ပိုင်း ဒေသများ၌ နေ့စဉ်ရက်ဆက် မိုးကောင်းနေမှုကြောင့် ရေကြီးနစ် မြုပ်ခြင်းနှင့် မြေပြိုမှုများ ရင်ဆိုင်နေရ သည်။ အထက်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် တစ်နာရီလျှင် ၃၀-၃၅ မိုင်ခန့် အထိ ပြင်းထန်သော မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။ အထက်ပိုင်းဒေသများတွင် မိုးကောင်းနေ၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်သည်လည်း ရုတ်တရက် မြစ်ရေမြင့်တက်လာကာ မြစ်ဘေး တစ်လျှောက် နေထိုင်သော ဒေသခံများ သတိပြုနေထိုင် သင့်ကြောင်း မိုး/ဇလဌာနက သ တိပေးထားသည်။


Leave a Reply