အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲသို့ မြန်မာ ဝင်ရောက်ယှဉ်ပြိုင်မည်

13138800-1070927179621639-5760000617826648977-n

ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၉ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲကြီးက အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲကြီး တစ်ပွဲဖြစ်တယ်လို့ သိရပါ တယ်။

 အဆိုပါ Mrs Universal 2016 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ မထက်အဉ္ဇလီကျော် က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူမအတွက် လိုအပ်တဲ့ Body ၊ Beauty၊  Brain တို့ကိုလည်း Miss Golden Land Myanmar Organization မှ sharing လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 ဒီပြိုင်ပွဲဟာ အိမ်ထောင်ရှင်အမျိုးသမီး တွေအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည် ဥာဏ်သွေးပိုင်းဆိုင်ရာတွေမှာ အရည်အချင်းတွေ ချပြခွင့်ရတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်လို့ လဲ သိရပါတယ်။


Leave a Reply