ဖွဲမီးပေါ်မှာကောက်ရိုးမပုံကြပါနဲ့
အင်္ဂလိပ်ခေတ်မှ ယနေ့ခေတ်အထိ ရခိုင်ပြည်၌ ဘင်္ဂါလီတို့သည် ပူးတွဲနေထိုင်လျက်ရှိနေကြ၏။ ကြားကဝင်၍ တစ်ဦးတစ်ယောက်က ဆွခြင်း၊ ပြောခြင်းမပြုလုပ်လျှင် ပြဿနာမရှိခဲ့ကြပေ။ ကိုယ့်လူမျိုး ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုယ် နေကြသည်သာများ၏။ ပြဿနာမဖြစ်ပေ။ သို့သော် ဘာသာရေးအယူအဆရှိသော ပြည်ပ အဖွဲ့ အစည်းများက သွေးထိုးခြင်း၊ မြှောက်ပင့်ခြင်း၊ ဆော်သြခြင်းများ လုပ်လာသောအခါ ဧည့်သည်များသည် ဤနိုင်ငံကား ငါတို့နိုင်ငံဖြစ်သည်။ ငါတို့မြေ၊ ငါတို့အိမ် ဖြစ်သည်ဆိုကာ ဆူပူမှုဖြစ်လာ၏။ အိမ်ရှင်ကိုပြဿနာရှာလာကြ၏။ ထိုအခါ အိမ်ရှင်ဖြစ်သော ရခိုင်တို့ကလည်း ဒေါသူပုန်ထကာ ဆူပူမှုများနှင့် လူမှုရေးပဋိပက္ခ ဖြစ်ရတော့၏။ သေကျေကြ၏။ ပျက်စီးကြရ၏။ အိမ်ပျောက်၊ မြေပျောက်ဖြစ်ခဲ့ကြရ၏။
ပြဿနာအစပျိုးသူများမှာ ရခိုင်များမဟုတ်သည်ကို လေ့လာသိနိုင်ပါ၏။ အကယ်၍သာ တစ်စုံတစ်ဦးသောပုဂ္ဂိုလ် အဖွဲ့အစည်းက သွေးထိုးခြင်း၊ မြှောက်ပင့်ခြင်း မလုပ်လျှင် ပိုနေမြဲ ကျားနေမြဲ အေးချမ်းစွာနေကြသည်မှာ နှစ်ပေါင်းများ စွာကြာခဲ့ပြီဖြစ်ပါ၏။
သို့အတွက် ကိုးကွယ်မှုဘာသာ အယူမတူဘဲ အေးချမ်းစွာနေကြသော လူ့အသိုင်းအဝိုင်းကို ဆွမပေးကြပါနှင့်။ နိုင်ငံရေးအမြတ်မထုတ်ကြပါနှင့်ဟု ပြောချင်၏။ ဘင်္ဂါလီ ဧည့်သည်များကလည်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံမှ လူစိမ်းများလက်ခံပြီး လူဦးရေတိုးပွားအောင် လျှို့ဝှက်စွာမလုပ်ကြပါနှင့်၊ ဘာသာရေးအတွက် ဗလီများကို တရားဝင် လျှောက် ထားဆောက်လုပ်ပါ။ အေးချမ်းစွာနေထိုင် ကျင့်ကြံပြုမူမှသာ အေးချမ်းမည်ဖြစ်ကြောင်း ပြောကြားကြပါဟု တိုက်တွန်းလိုပေသည်။
ရခိုင်အရေးသည် ဘာသာမတူ၊ လူမျိုးမတူသော လူမျိုးနှစ်မျိုး၏ ဖွဲမီးကဲ့သို့ တောက်လောင် နေသော ပြဿနာမျိုးဖြစ်နေပါ၏။ ထိုအတွက် ကျိတ်လောင်နေသော ဖွဲမီး ပေါ်သို့ ကောက်ရိုးများ တင်ပေးခြင်းပြုလျှင် မီးထတောက်ရုံသာရှိ၏။ သို့အတွက် လက်ရှိဧည့်သည်များက ပြည်ပ ပယောဂ-ဟောပြောမှု၊ စည်းရုံးမှုများကို အသိတရားနှင့် သုံးသပ်နေထိုင်ရန် လိုအပ်ပါသည်။
ဤအရေးအခင်းနှင့်ပတ်သက်လျှင် ထိုဒေသရှိ တိုင်းရင်းသားတို့သည် စိတ်ဓာတ် အလွန်ကြံ့ခိုင်၏။ ကိုယ့်မြေကိုကိုယ် အဆုံးရှုံးမခံလိုပေ။ ဤအမျိုးသားရေး စိတ်ဓာတ်ဖြင့် အနောက်ဘက်တံခါးကို ကြံ့ကြံ့ခံ၍ ကာကွယ်နေကြပါသည်။ သည်ကား ထိုဒေသရှိ တိုင်းရင်းသားများဖြစ်၏။ ခေတ် တစ်ခေတ်၏ နိုင်ငံတော်နှင့် အစိုးရ အနေဖြင့် ဤအချက်ကိုသိထားရပါမည်။ ဘာသာရေးမတူ၊ လူမျိုးရေးမတူသော ဤအရေးကိစ္စများ၌ ငြိမ်းချမ်းစွာအတူနေရေးကိုသာ အလေးထားပြီး တအုံနွေးနွေး လောင်နေသော ဖွဲမီးပေါ်သို့ ပြင်ပပယောဂများ ကောက်ရိုးများကို စုပြုံခြင်းမပြုကြ ပါရန်တင်ပြရေးသားလိုပါသည်။
၂၀၁၆ မေ (၅) ရက်စွဲပါ ကပ္ပတိန်သာစိန် ၏ “ဖွဲမီးပေါ်မှာကောက်ရိုးမပုံကြပါနဲ့” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။