နျူကလီးယားဗုံးကိစ္စနှင့်ပတ်သက်ပြီး ဂျပန်ကို အမေရိကန်တောင်းပန်မည်မဟုတ်ဟု အိမ်ဖြူတော် ပြော

13177046_1703165586590609_4494025927553629068_n

ဝါရှင်တန် မေ ၃

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်နိုင်ငံအနေဖြင့် ၁၉၄၅ ခုနှစ် ဂျပန်နိုင်ငံ ဟီရိုရှီးမား အဏုမြူဗုံး ကိစ္စနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံကို တောင်းပန်ရန် အကြွေးကျန်ရှိသည်ကို မယုံကြည်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အားနက်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ် ဟီရိုရှီးမားဗုံးကိစ္စနှင့် ပတ်သက်ပြီး အိုဘားမားအနေဖြင့် တောင်းပန်မှုပြုမည်လားဟု မေးမြန်းချက်အပေါ် အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ ဂျိုးစ်အားနက်က ”သူတောင်းပန် မည်မဟုတ်”ဟု ပြောကြားခဲ့သည်။

လာမည့်မေလနှောင်းပိုင်းတွင် ကျင်းပမည့် ဂျပန်နိုင်ငံ G-7 အစည်းအဝေး တက်ရောက်မည့် ခရီးစဉ်အတွင်း ဟီရိုရှီးမားသို့ တရားဝင်သွားရောက်မည် လားဆိုသည်ကို ဆုံးဖြတ်ချက်မပြုရသေးကြောင်း အားနက်က ပြောကြားခဲ့သည်။

ဧပြီလတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီသည် အခြား G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ နှင့်အတူ ဟီရိုရှီးမားငြိမ်းချမ်းရေးအထိမ်း အမှတ်ဥယျာဉ်သို့ သွားရောက်ခဲ့သည်။

ဂျွန်ကယ်ရီသည် နျူကလီးယား ဗုံးဒဏ်ခံဒေသသို့ သွားရောက်ခဲ့သည့် ပထမဆုံး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာခဲ့သည်။ ကယ်ရီ၏ ခရီးစဉ် သည် အိုဘားမားကို လာရောက်လည်ပတ် ရန် လမ်းခင်းပေးသကဲ့သို့ ဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

(ဆင်ဟွာ)


Leave a Reply