ပြည်နယ်ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

SN4

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၂) ရက် မွန်းလွဲ (၁) နာရီခွဲအချိန်က  ခရိုင်ပါတီအစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် တွဲဖက်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းကော်၊ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းမှ ဒုတိယအကြိမ် ပါတီညီလာခံအတွက် ကြိုတင် ပြင်ဆင်ကြရန် လိုအပ်ပြီး သတ်မှတ်ကာလနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အသေးစိတ် ဂရုတစိုက် လုပ်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

Usdp shan-north


Leave a Reply