မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန်ကားလမ်းရှိ ရာမောင်ကြိုးတံတား အကြီးစားပြင်ဆင်မည်

13081804_1136480829709399_320826700_n

မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိရာမောင်ကြိုးတံတားသည် နှစ်ကာလကြာမြင့်လာခြင်း၊ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုများ၍ ကြံ့ခိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘တံတား  စတင် တည်ဆောက်ချိန်က ခြောက်ဘီးကား ဖြတ်သန်းဖို့လောက်ပဲ ထည့်တွက်ခဲ့ပုံရပါတယ်။

 အခုတော့ တစ်ဆယ့်နှစ်ဘီးကားတွေ နေ့စဉ်နဲ့အမျှကုန်အပြည့်နဲ့ ဖြတ်သန်းသွားလာနေတော့ တံတား ကြံ့ခိုင်ဖို့အတွက် အကြီးစားပြင်ဆင်ဖို့ လိုအပ်လာတာ ဖြစ်ပါ တယ်’’ ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။ တံတားအကြီးစား ပြင်ဆင်နေချိန်အတွင်း ယာဉ်ကြီးများကို ဇက်သင်္ဘောဖြင့် ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်ပြီး ယာဉ်ငယ်များနှင့် လူများ ဖြတ်သန်းသွားလာရန် အချိန်ပိုင်း ခွင့်ပြုပေးမည် ဖြစ်သည်။

၁၉၉၉ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့သော ရာမောင်ကြိုးတံတား အကြီးစား ပြင်ဆင်မည့် ကြာချိန်မှာ လိုအပ်သောပစ္စည်းများ ထုတ်လုပ်ပေးနိုင်မှုအပေါ် မူတည်နေကြောင်း တံတားအထူးအဖွဲ့ (၈)မှ တာဝန်ရှိသူ က ပြောကြားသည်။


Leave a Reply