တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် စွဲချက်တင်ခံရ

Fellaini-and-Robert-Huth-Photo-Sky-Sports

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာအသင်း နောက်ခံလူ ရောဘတ်ဟုသ်ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်ထားပါတယ်။

မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

၂ ဦးစလုံး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို ဧပြီ ၄ ရက်အထိ စွဲချက်ကို အယူခံခွင့် ရထားပါတယ်။ မန်ယူနည်းပြ ဗန်ဂါးကတော့ ဒီဖြစ်ရပ်အတွက် သူတို့အသင်း ပင်နယ်တီရသင့်တယ်လို့ ဆိုပါတယ်။

-Ref; Sky Sports


Leave a Reply