အိမ်ကွင်းအားသာချက်ဖြင့် အက်သလက်တီကိုကို ကျော်ဖြတ်ရန် ဘိုင်ယန်မျှော်လင့်

13147700_1711580602428157_4887271324704861918_o

ပထမအကျော့တွင်  အက်သလက်တီကိုအား ၁-၀ ဂိုး ဖြင့် ရှုံးခဲ့ခြင်းကို အိမ်ကွင်းအား သာချက်ရယူ၍ သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဘိုင်ယန်မြူးနစ်က မျှော်လင့်နေသည်။ ၂၀၁၄ အကြိုဗိုလ်လုပွဲတွင် ရီးရဲလ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဘိုင်ယန်သည် အိမ်ကွင်း၌ ကစားသော ချန်ပီယံလိဂ် ပွဲစဉ်အားလုံး အနိုင်ရရှိထားရာ လာမည့် အင်္ဂါညတွင်  ထပ်မံအနိုင်ရရှိပါက မန်ယူ၏ ၂၀၀၆-၀၉ က စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ဟာ အိမ် ကွင်းမှာ အရမ်းအားကောင်းပါ တယ်။ အဲဒါကိုပဲ ကျွန်တော်တို့ အားကိုးနေပါတယ်’’ဟု ဂျာမနီ နောက်တန်းလူ ဂျရိုမီဘိုတန်က ပြောသည်။ မတ်လက ချန်ပီယံလိဂ် (၁၆)သင်းအဆင့်တွင် ဘိုင်ယန်သည် ဂျူဗင်တပ်ကို ၂-၀ ဂိုးဖြင့် ရှုံး နေသော်လည်း အချိန်ပိုအထိ ကန်ပြီးချိန်၌ ၄-၂ ဂိုးဖြင့် အောင် ပွဲခံခဲ့သည်။

အက်သလက်တီကိုနှင့် ပွဲတွင်လည်း အိမ်ကွင်းပရိသတ် ရှေ့၌ အရှုံးရလဒ်ကို ပြောင်းပြန် လှန်နိုင်မည်ဟု ဘိုင်ယန်က မျှော်လင့်နေသည်။ ‘‘ပရိသတ်ခုနစ် သောင်းအားနဲ့ ကျွန်တော်တို့ ရေ ကုန်ရေခန်းကစားပြီး အကြီးအ ကျယ်တိုက်ပွဲဝင်မယ်။ အဲဒါကနေ ကျွန်တော်တို့ ဗိုလ်လုပွဲရောက် မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဘိုင်ယန်ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ်ဂူ မီနစ်ဂီက ပြောသည်။

စပိန်တွင် ကစားသော ပထမအကျော့၌ ဆော၏ အစောပိုင်းသွင်းဂိုးက ခြားနားမှုဖြစ်စေခဲ့ပြီး အက်သလက်တီကိုက ၎င်းတို့၏ ခံစစ်အားကောင်းမှုဖြင့် ဗိုလ်လုပွဲတက်ရန် ပြင်ဆင်မည်ဖြစ်သည်။ အက်သလက်တီကိုသည် ချန်ပီယံလိဂ်တွင် ငါးဂိုးသာခွင့်ပြုထားပြီး ရီးရဲလ်နှင့်အတူ ပေးဂိုး အနည်းဆုံးအသင်းဖြစ်သည်။ ပထမအကျော့ပွဲ လွဲချော်ခဲ့သော နောက်တန်းလူ ဂိုဒင်သည် အက်သလက်တီကိုတွင် ပြန်ပါလာမည်ဖြစ်ကာ ယန်နစ်ကာ ရက်စ်ကိုလည်း ပြန်ကစားနိုင်မည် ဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက စနေ၊ တနင်္ဂနွေကအမာခံ ကစားသမားများအား အနားပေးခဲ့သည်။ ပထမအကျော့က ဘိုင်ယန်ကို နိုင်ခဲ့သော ကစားသမား ၁၁ ဦးအနက် လေးဦးကိုသာ လာလီဂါပွဲ  ကစားစေခဲ့သည်။ ဘိုင်ယန်သည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအဆင့်၌ ၂၀၁၄ က ရီးရဲလ်ကို ရှုံးပြီး ၂၀၁၅ က ဘာကာကို ရှုံးနိမ့်ထားသဖြင့် ယခုနှစ်တွင်လည်း အက်သလက် တီကိုကြောင့် ပြိုင်ပွဲမှမထွက်ရ ရေး မျှော်လင့်ထားသည်။  —Ref:Reuters


Leave a Reply