မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗား ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့ လွဲချော်

David-Silver-Reuters

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးလ်ဗား တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ် ဆေးလ်ဗားကတော့ မေ ၂၈ ရက်နေ့ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။

ပထမအကျော့မှာလည်း ယာယာတိုရေးက ပေါင်ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ ပွဲမတိုင်ခင် ပြန်ကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

မေလ ၄ ရက်နေ့မှာတော့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply