တံတားဦးမြို့နယ်တွင်းရျိ လေဘေးဒဏ်သင့် ဘုန်းကြီးကျောင်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုမှ သွပ်ပြားများလှူဒါန်း

34901254-30042016

29-4-2016 (၂၂.၄.၂၀၁၆)နေ့ တံတားဦးမြို့နယ်အတွင်း တိုက်ခိုက်သွားသော မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သဲမောင်းကန်ကျေးရွာ ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၊ ကန်ကြီးဘုန်းတော်ကြီး ကျောင်းနှင့် ပြူကန်ကျေးရွာ ဇေယျသိဒ္ဒိဘုန်းတော်ကြီးကျောင်းများ၏ အမိုးများပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေခဲ့ပါသည်။ ၄င်းပျက်စီးဆုံးရှုံးသွားသည့် အမိုးများပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုမှလှူဒါန်း သည့်သွပ်ပြားချပ်ရေ စုစုပေါင်း (၁၈၇) ချပ်အား (၂၈.၄.၂၀၁၆) နေ့တွင် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီခေတ္တ အတွင်းရေးမှူး ဒေါ် သိဂီ င်္အောင်နှ င့်ကော်မတီဝင်များ ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမင်းထွန်းနှင့်ကော်မတီဝင် များမှဘုန်းတော်ကြီးကျောင်း အသီးသီးသို့ သွားရောက်ကာ ပါတီဒုတိယ ဥက္ကဌ ဦးဌေးဦး မိသားစု (ကိုယ်စား) ဆရာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါလှူဒါန်းပွဲ တွင်ကျေးရွာ စည်းရုံးရေး မှူးနှင့်ကော်မတီ ၀င်များ၊ ကျေးရွာ အထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့မှတာဝန်ရှိသူများနှင့် ရပ်ကျေး စည်းမှူးများ ပါတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Leave a Reply