ဆီးရီးယားငြိမ်းချမ်းရေး တိုးတက်မှုရှိရန်မျှော်လင့်ကြောင်း ကယ်ရီ ပြော

13119877_1702850236622144_8546328798366127551_o

ဂျီနီဗာ မေ ၂

တိုက်ခိုက်မှုများအဆုံးသတ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ပြီး ဆီးရီးယားရှိ စစ်ရေးလေ့ကျင့်မှု ရပ်နားခြင်း သဘောတူညီမှုအသစ်ကို နောက်လာမည့်နှစ်ရက်အတွင်း ဂျီနီဗာ၌ ဆွေးနွေးမည်ဖြစ်ရာ ကောင်းမွန်တိုးတက်မှု ရှိစေရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေ ၁ ရက်နေ့တွင် ပြောခဲ့သည်။

ဂျီနီဗာသို့ရောက်ရှိပြီး ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး နာဆာဂျူဒရှ် နှင့် တွေ့ဆုံစဉ်တွင် မျှော်လင့်ချက်ဟူသည် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သော အောင်မြင်မှုဖြစ်သည်ဟု ကယ်ရီက ပြောခဲ့သည်။ အလက်ပိုမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက် ခံရပြီးနောက် အမေရိကန်နှင့် ရုရှားအနေဖြင့် ဆီးရီးယား၌ နှစ်လကြာငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ဆောင်နိုင်ရန် ကုလသံတမန်ဆီးရီးယားသို့ လာရောက်ပြီးနောက် ကယ်ရီအနေဖြင့် ဂျီနီဗာသို့ သွားရောက်ရန် အလျင်အမြန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အယ်ခိုင်ဒါနှင့် အစ္စလာမ္မစ် စစ်သွေးကြွများကို နှင်ထုတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးစာချုပ်ကို မော်စကို နှင့်ဝါရှင်တန်ဘက်က ချိုးဖောက်ခဲ့ကြသည်။ က္ဘာ့အင်အားကြီးနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုသည် ယာယီစစ်ပြေ ငြိမ်းရေးကို အဖတ်ဆယ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆီးရီးယားတပ်ဖွဲ့များသည် ပြီးခဲ့သည့် သောကြာနေ့က လာတီကာရှိ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းဒေသများနှင့် ဒမတ်စကတ်အပါအဝင် ယင်းမြို့ရှိ အစွန်အဖျားဒေသများတွင် ယာယီ တိုက်ခိုက်ရေးရပ်စဲကြောင်း ကြေညာခဲ့သည်။
ကယ်ရီက ဆီးရီးယား နေရာအနှံ့အပြားတွင် ငြိမ်းချမ်းရေးလိုအပ်နေကြောင်း သိသာအောင်ပြုလုပ်ခဲ့ပြီး ဂျီနီဗာ ဆွေးနွေးပွဲပြီးနောက် စစ်ရေးလေ့ကျင့်မှု ရပ်နားခြင်းများကို အတည်ပြုနိုင်ရန် မျှော်လင့်လျက် ရှိသည်။ ယင်းကိစ္စကြောင့်ပင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲအယ်ဂျူဘီယာနှင့် ဒီမီဆူရာတို့ကို မေ၂ ရက်တွင် တွေ့ဆုံခဲ့သည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ဂျူဒရှ်ကလည်း ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်ကြောင်းနှင့် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများကိုလည်း ပြန်လည်စတင်ရန် ပြောခဲ့သည်။ ထို့ပြင် အလက်ပိုမြို့ ပတ်ဝန်းကျင်တွင် သတိနှင့်နေထိုင်နေရကြောင်း ဖော်ပြခဲ့သည်။

အငြင်းပွားမှုနှင့်ပတ်သက်သော ညှိနှိုင်းရေးလမ်းကြောင်း ပျက်ကွက်မှုသည် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု ဂျူဒရှ်က ပြောခဲ့သည်။ ထို့ပြင် ကယ်ရီနှင့် ဂျူဒရှ်တို့သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများကိုလည်း ဆွေးနွေးသွားမည်ဟု ပြောခဲ့သည်။   (ရိုက်တာ)


Leave a Reply