ဆိုမာလီယာ၌ ဘုရားကျောင်းပြိုကျမှု ကိုးဦးသေဆုံး

13119919_1702495949990906_6991116553934116769_o

မိုဂါဒစ်ရှူး မေ ၁

ဆိုမာလီယာ၌ တည်ဆောက်လက်စ ဘုရားကျောင်း အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး ကိုးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။


ဧပြီ ၃ဝ ရက်က မိုဂါဒစ်ရှူးမြို့တော်အနီး ဂရက်စ်ဘယ်လီခရိုင်၌ ဘုရားကျောင်း တည်ဆောက်ရာတွင် လူပေါင်း ၁ဝဝ ကူညီလုပ်ကိုင်လျက် ရှိရာ အောက်ခံကြမ်းခင်း ကွန်ကရစ် လောင်းနေစဉ် ရုတ်တရက် ပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် အပျက်အစီး များကြားတွင် လူများစွာပိတ်မိလျက် ရှိနေသေးကြောင်း သိရသည်။


လူပေါင်း ၃ဝ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဂေါပက လူကြီးတစ်ဦးဖြစ်သူ ရှိတ်မိုဟာမက်ဟာရှီက ပြောသည်။ ပြိုကျ အဆောက်အအုံအတွင်းမှ သေဆုံးသူ ကိုးဦးကို ဖော်ထုတ်ခဲ့ကြောင်း အခြားသူများမှာ ကွန်ကရစ်နံရံ ပြိုကျမှုကြောင့် ထိခိုက်မိခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အလီမူဟီဒင်က ပြောသည်။


အဆောက်အအုံ အပျက်အစီးများအကြား ဆောက်လုပ်ရေး လုပ်သား သေဆုံးသူများ အများအပြား တွေ့ရှိခဲ့ရကြောင်း ဒေသခံ တစ်ဦးကလည်း ပြောသည်။


(ပီတီအိုင်)


Leave a Reply