တောင်တရုတ်ပင်လယ်တွင် အမေရိကန် လေတပ်ကင်းလှည့်

13063051_1701390823434752_9097644500050748192_o

ဝါရှင်တန် ဧပြီ ၂၈

တရုတ်တို့က အငြင်းပွားကျွန်းတွင် မြေပြုပြင်ခြင်း လုပ်ငန်းများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် စိုးရိမ်မှုများမြင့်တက်နေချိန် အမေရိကန် လေတပ်သည် ဖိလစ်ပိုင်အခြေစိုက်စခန်းမှနေ၍ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့် စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဧပြီ ၂၈ ရက်က ဖော်ပြသည်။ 


HH – 60 ရဟတ်ယာဉ်နှင့် A-10 Thunderbolt တိုက်လေယာဉ်များသည် လေတပ်အခြေစိုက်စခန်းမှ နေ၍ ၄င်းတို့၏ ပျံသန်းခြင်းတာဝန်ကို ဧပြီ ၁၉ ရက် တွင် စတင်ထမ်းဆောင်ခဲ့ကြောင်း လေတပ်ဌာနချုပ်က ပြောခဲ့သည်။ 


တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်စစ်ဆေး ခြင်းများသည် ရက်သတ္တပတ်ကျော်အထိကြာမြင့်မည်ဖြစ်ကြောင်း လေတပ်ဌာနချုပ်က ထပ်လောင်း ပြောဆို ခဲ့သည်။ 


အငြင်းပွားကျွန်းကမ်းခြေနားတွင် တရုတ်တို့၏ သင်္ဘောများ လေ့လာဆန်းစစ်မှုများ ပြုနေခြင်းကို အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက ပြောခဲ့သည်။ 


အမေရိကန်ပြည်ထောင်စုသည် ယင်းဒေသအနီးတွင် တရုတ်နိုင်ငံက မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများကို စောင့်ကြည့်နေကြောင်း အရာရှိများက ပြောခဲ့သည်။

 

(အင်န်အိတ်ခ်ျကေ)


Leave a Reply