အမေရိကန်က အီရန်အပေါ် ပိတ်ပင်မှုများကို စာရွက်ပေါ်တွင်သာ ဖယ်ရှားနေဟု ခါမေနီပြောကြား
အမေရိကန်နိုင်ငံသည် အီရန်အပေါ် တားဆီးပိတ်ပင်မှုများကို စာရွက်ပေါ်တွင်သာ ဖယ်ရှားနေပြီး လက်တွေ့တွင် စီးပွားရေး လုပ်ငန်းများ ကြောက်ပြီး အီရန်မှ ထွက်ပြေးအောင် လုပ်ဆောင်နေသည်ဟု အီရန်ထိပ်သီး ခေါင်းဆောင် အယာတိုလာအလီ ခါမေနီက ပြောကြားသည်။
‘‘စာရွက်ပေါ်မှာတော့ အမေရိကန်က နိုင်ငံခြားဘဏ်တွေကို အီရန်နဲ့ စီးပွားရေးလုပ်ခွင့် ပြုထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဘယ်သူမှ အီရန်နဲ့ စီးပွားရေးမလုပ်အောင် ကြောက်ရွံ့မှုတွေကို ဖန်တီးနေပါတယ်’’ ဟု တီဟီရန်၌ အလုပ်သမားများအား ပြောကြားသော မိန့်ခွန်းတွင် ခါမေနီက ထည့်သွင်းပြောကြားပြီး ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
‘‘နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်ရွံ့ထွက်ပြေးသွားစေဖို့ တားဆီးပိတ်ဆို့မှုအစီအစဉ် ရှိနေတုန်းပဲလို့ အမေရိကန် အရာရှိက ပြောပါတယ်’’ဟု အလီခါမေနီ က ပြောသည်။
အီရန်က ၎င်း၏ နျူအစီအစဉ်ကို လျှော့ချခြင်းအတွက် အီရန်အပေါ် ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရေး အီရန်နှင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများကြား သဘောတူညီချက်က ခွင့်ပြုထားသည်။
ဘဏ်လုပ်ငန်းမှ အတားအဆီးများကို ဖယ်ရှားရေး ပိုမိုလုပ်ဆောင်ရန် အီရန်က အမေရိကန် အား ယခင်ကတည်းကပင် တိုက်တွန်းခဲ့သည်။
—Ref: Reuters