ဆီမြွန်နီကို လာလီဂါလက်ကျန်ပွဲအားလုံး ကြီးကြပ်ခွင့် ပိတ်ပင်

Diego-Simeone-Getty-Images

အက်သလက်တီကို နည်းပြ ဆီမြွန်နီသည် ပွဲစဉ်သုံးပွဲ ကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသဖြင့် အက်သလက်တီကို၏ လက်ကျန် လာလီဂါပွဲစဉ် သုံးပွဲကို ကြီးကြပ် ခွင့် ရမည်မဟုတ်တော့ပေ။

ပြီးခဲ့သည့် စနေနေ့က မာလာဂါကို တစ်ဂိုးဂိုးမရှိဖြင့် နိုင် သောပွဲတွင် ဆီမြွန်နီက ကြီးကြပ် ဧရိယာအတွင်းမှနေ၍ ဘောလုံး တစ်လုံးကို ကွင်းအတွင်းပစ်ထည့် ခဲ့ပြီး တစ်ဖက်အသင်းသားများ၏ တန်ပြန်တိုက်စစ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ယင်းဖြစ်စဉ် အပြီးမှာပင် ဒိုင်လူကြီးက ဆီမြွန်နီ အား ပွဲကြည့်စင်သို့ နယ်နှင်ခဲ့ သည်။ဘောလုံးကို ၎င်းပစ်သွင်း ခြင်းမဟုတ်ဟု ဆီမြွန်နီက ပြော သော်လည်း ပွဲကြည့်စင်သို့ပို့လိုက် သော ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် ကို ဆီမြွန်နီက လက်ခံခဲ့သည်။

၎င်း၏ဘေးမှ ကလေးငယ် တစ်ဦးက ဘောလုံးပစ်သွင်းခဲ့သည်ဟု ဆီမြွန်နီက ပြောကြားသော်လည်း သုံးပွဲ ကြီးကြပ်ခွင့် ပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်ရန် စပိန်ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့သည်။ ဆီမြွန်နီသည် ပြစ်ဒဏ်ကို အယူခံဝင်ခွင့်ရှိသည်။

အက်သလက်တီကိုသည် လိဂ်ကိုဦးဆောင်နေသော ဘာစီလိုနာနှင့် ရမှတ်တူ ရပ်တည်နေပြီး ဗယ်လီကာနို၊ လီဗန်တေး၊ ဆယ်လ်တာဗီဂိုတို့နှင့် ပွဲများ ကစားရန် ကျန်ရှိနေသည်။

-Ref; Goal


Leave a Reply