ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တံတားဦးမြို့နယ်အတွင်း မိုးသီးကြွေကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်း

????????????????????????????????????

ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီခေတ္တ အတွင်းရေးမှူး ဒေါ်သိင်္ဂီအောင်နှင့် အလုပ်အမှုဆောင်များ၊ တံတားဦးမြို့နယ် အတွင်းရေးမှူး ဦးဝင်းမင်းထွန်းနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဧပြီလ (၂၂)ရက်နေ့က မိုးသီးများ ကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာ ရှိ အလင်းတန်းပရဟိတ လူမှုကူညီရေးအသင်းဓမ္မာရုံသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

????????????????????????????????????

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မိမိအနေဖြင့် မိုးသီးများ ကြွေ ကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းများကြောင့် ဒေသအချို့၌ ပျက်စီးဆုံးရှုံးမှုများရှိသည်ဟု သိရှိရ ပါကြောင်း၊ မိမိတို့အနေနှင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊ သို့ဖြစ်၍ ထိုက်သင့်သည့် အထောက် အကူဖြစ်စေရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဖြစ်ပြီးအခြေအနေမှ အကောင်းဆုံးဖြစ်အောင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ရေဘေး၊ မီးဘေး၊ လေဘေးစသည့် သဘာဝဘေး အန္တရာယ်ကျရောက်တိုင်းလည်း ပါဝင်ကူညီပေးခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း စိတ်ဓါတ် ကောင်းမွန်စွာဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်၊ ပိုမိုတိုးတက်ရန်ဆောင်ရွက်နေ သည်ကို တွေ့မြင်ရ၍ ဝမ်းသာပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း စီမံဆောင်ရွက်ပေးသွားမှာဖြစ် ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရန်အတွက်လည်း ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ ပျက်စီးမှုအား ဝိုင်းဝန်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားပါသည်။

????????????????????????????????????

ယင်းနောက် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)တို့မှလည်း အသီးသီး အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၅ဝ)အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ပါတီဝင်များက ပေးအပ်လှူ ဒါန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးစည်းရုံးရေးမှူးတို့က လက်ခံရယူသည်။

သဲမောင်းကန်ကျေးရွာရှိ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းနှင့် ကန်ကြီးကျောင်း၊ ပျူကန်ရှိ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတို့အတွက် လိုအပ်သောသွပ်များအားလည်း တွက်ချက်၍ ရရှိ ပါက ပေးလှူနိုင်ရေးအတွက် စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply