ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် သောက်သုံးရေရရှိရေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူသည် ဧပြီလ (၂၄) ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် ကန်ရွာတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးမှုအတွက် ရေရရှိရေးဆောင်ရွက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လှူဒါန်းငွေ ကျပ် (၁၃) သိန်း ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်အား ကျေးရွာသူ ကျေးရွာများအား လှိုက်လှဲစွာကြိုဆိုကြပြီး ပြည်ခိုင်ဖြိုးပါတီအား ကျေးဇူးတင်လျှက် ရှိကြောင်း သိရသည်။

အောင်ဆန်းဝင်း (ကြံခင်း)


Leave a Reply