စစ်တွေပြည်ခိုင်ဖြိုး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

Sittwe2

စစ်​​တွေမြို့နယ်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး​ရေးရာလှုပ်​ရှားမှုအဖြစ်​ ဧပြီလ (၂၅) ရက်နေ့ ​နေ့လည်​ (၁၁) နာရီအချိန်​က ​ရေချမ်းပြင်​ကျေးရွာ မူလွန်​​ကျောင်းတွင်​ ယဉ်​​ကျေး လိမ္မာသင်​တန်းဖွင့်​လှစ်​ခဲ့သည်​။

အဆိုပါသင်​တန်းဖွင့်ပွဲသို့ စစ်​​တွေမြို့ပညာ​လောကအဘိဓမ္မာသင်​တန်းမှ နာယကကြီး ဗိုလ်​မှူးထွန်း​အောင်​​ကျော် (ငြိမ်း) နှင့်​ တာဝန်​ရှိသူများ သင်​တန်းနည်းပြ ဆရာဆရာမများ ရပ်​မိရပ်​ဖများ သင်​တန်းသား (၁၀၀) ဦးနှင့်​ စုစု​ပေါင်း အင်​အား (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့ကြပြီး သင်​တန်းအား (၅) ရက်​တိုင်​တိုင်​ ဖွင့်​လှစ်​မည်​ဖြစ်သည်။

သင်​တန်းဖွင့်ပွဲသို့ တက်​​ရောက်​လာကြသူများနှင့်​ သင်​တန်းသား လူငယ်​​မောင်​မယ်​များအား ဓညဝတီရပ်​ကွက်​​နေ ဦးသိန်း​ရွှေနှင့်​ မိသားစုများမှ အချိုရည်​နှင့် မုန့်​များဖြင့်​ ဧည့်​ခံ​ကျွေး​မွေး ဒါနပြုခဲ့ကြောင်း သိရသည်။

ပေးဆပ်ခြင်း


Leave a Reply