မန်စီးတီးနှင့်ပွဲအတွက် ရော်နယ်ဒိုနှင့်ဘန်ဇီးမား ကြံ့ခိုင်မှု စိုးရိမ်ဖွယ်ရှာဖြစ်နေ

Sports_6

ယနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့တွင် မန်စီးတီးနှင့်ပွဲတွင်  ရီးရဲလ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီးမားနှင့် ရော်နယ်ဒိုတို့၏ ကြံ့ခိုင်မှုမှာ ရီးရဲလ်အသင်းအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။ ပေါ်တူဂီတိုက်စစ်မှူး ရော် နယ်ဒိုသည် တနင်္ဂနွေနေ့က လေ့ ကျင့်ခန်းဆင်းခဲ့ပြီး ရီးရဲလ်နှင့် အတူ အင်္ဂလန်သို့ လိုက်ပါမည် ဖြစ်ကြောင်း ရီးရဲလ်နည်းပြ ဇီဒန်း က ပြောကြားသည်။

ဘန်ဇီးမားနှင့်ပတ်သက်၍ ဇီဒန်းက ပြောကြားရာတွင် ‘‘သူ့ အခြေအနေကို ကျွန်တော်တို့ လေ့လာကြည့်ပါမယ်။ ကျွန်တော် ပြောနိုင်တာကတော့ အဲဒါဟာ အဆိုးရွားဆုံးအခြေအနေတစ်ခု မဟုတ်ပါဘူး။ သူမန်စီးတီးနဲ့ ပွဲမှာ ပါဝင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’’ဟု ပြောကြားသည်။

ချန်ပီယံလိဂ်ဖလား (၁၀) ကြိမ်ရရှိထားသော ရီးရဲလ်၏ ကြယ်ပွင့်တိုက်စစ်မှူး နှစ်ဦး ပေါင်း၏ ယခုရာသီသွင်းဂိုးသည် ၇၄ ဂိုး ရှိပြီး နှစ်ဦးစလုံး ညာခြေ ထောက်ဒဏ်ရာများရရှိထားသည်။ရော်နယ်ဒိုသည် ဗုဒ္ဓဟူးနေ့ က ဗီလာရီးရဲလ်ကို နိုင်သောပွဲ တွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး စနေနေ့က ကစားသော ဗယ်လီကာနိုနှင့် ပွဲ၌ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ယင်းပွဲ၏ ပထမပိုင်းမပြီးမီ ဘန်ဇီးမားဒဏ်ရာရပြီး ထွက်ခဲ့ရသည်။

၎င်းတို့နှစ်ဦးစလုံးမပါဝင်နိုင်သည့်အချိန်တွင် ဗယ်လီကာနိုအသင်းကို နောက်မှလိုက်ကစား ပြီး ရီးရဲလ်က ၃-၂ ဂိုးဖြင့် နိုင်သောပွဲ၌ နှစ်ဂိုးသွင်းယူခဲ့သည့် ဝေလတိုက်စစ်မျူး ဂါရတ်ဘေးလ် က မန်စီးတီးကွင်း၌ ၎င်းတို့ ရလဒ်ကောင်းခဲ့ပါက ဒုတိယအကျော့ ရီးရဲလ်ကွင်းတွင် ရီးရဲလ်အသင်း သားများ ယုံကြည်မှုအားကောင်း နေလိမ့်မည်ဟု ပြောကြားသည်။

နှစ်ပေါင်း ၄၅ နှစ်အတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးတက်လှမ်းနိုင်ခဲ့သည့် ရီးရဲလ်နည်းပြဟောင်း ပယ်လီဂရီနီ၏ မန်စီးတီးသည် ဧပြီလအတွင်း၌ အကောင်းဆုံးခြေစွမ်းပြသနေပြီး နယူးကာဆယ်ကို သရေကျခဲ့သော်လည်း ချယ်လ်ဆီးနှင့် စတုတ်တို့ကို ဂိုးပြတ်အနိုင်ရခဲ့သည်။ မန်စီးတီးတွင် ခြေစွမ်းပြနေ သော တိုက်စစ်မှူး အဂူရိုနှင့် ဒီဘရိုင်နီတို့သည် ရီးရဲလ်အသင်း ခံစစ်ကို ဒုက္ခပေးနိုင်ပြီး အဂူရို သည် မကြာမီက ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ သည်။ သို့သော်အဂူရိုသည် အက် သလက်တီကိုတွင် ကစားစဉ်က ရီးရဲလ်ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့ ခြင်းမရှိပေ။—Ref:Reuters/AP


Leave a Reply