နှစ်သစ်တွင် တက်ကြွရွှင်လန်းသော စိတ်သစ်လူသစ်ဖြင့် ပြည်သူနှင့် တစ်သွေးတည်း တစ်သား တည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် မှာကြား

UUUUUUUUUUUUUUUUZZZZZZZZZZ

ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ယနေ့ (၂၀၁၆ ခုနှစ် ဧပြီလ ၂၁) ရက် နံနက်ပိုင်းတွင် ပါတီဌာနချုပ်သို့ ရောက်ရှိလာပြီး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ ဗဟို အတွင်းရေးမှူးအဖွဲ့ အပါအ၀င်  ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မှ မှာကြားရာတွင် ပါတီဝင်ထုတစ်ရပ်လုံးအနေဖြင့်  ပြည်သူနှင့်တစ်သွေးတည်း တစ်သားတည်း ဖြစ်အောင် ကြိုးပမ်းကြရန်၊ ပြည်သူ၏လိုအပ်ချက်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ မိမိပါတီ၏ မူဝါဒဖြစ်သော –

(၁) တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး

(၂) ပြည်သူတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး

(၃) ဒီမိုကရေစီစနစ် အရှည်သဖြင့် ရှင်သန်ခိုင်မာရေး

(၄) ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး

စသည်တို့ကို နှစ်သစ်တွင် တက်ကြွရွှင်လန်းသော စိတ်သစ်လူသစ်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် မိဘပြည်သူများနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။


Leave a Reply