ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် သက်တော်ရစေတီတော် ရွှေထီးတော်တင်လှူပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယနေ့ နံနက် ၈နာရီတွင် ခင်ဦးမြို့နယ် လက်ပန် ကြီးကျေးရွာ အောင်သုခ ကျောင်း တိုက်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် သက်တော်ရဘုရား ရွှေထီးတော်တင်လှူပွဲ အခမ်းအနား သို့ တက်ရောက် အားပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်များ၊ မန္တလေးမြို့ စန်းမြတ်ရောင်ခြည်သင်္ကန်းတိုက် ပိုင်ရှင် ဦးဇော်မင်းဦး၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအတွင်းရေးမှူး ဦးမြတ် မျိုးညွန့်နှင့်ခရိုင်ပါတီကော်မတီ ဝင်များ၊ ခင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးငြိမ်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဒေသခံမိဘ ပြည်သူများ အင်အား ၅ဝဝ ကျော် တက်ရောက်သည်။
လက်ပန်ကြီးကျေးရွာ အောင် သုခပရိယတ္တိစာသင်တိုက်အတွင်း တွင် ဆုတောင်းပြည့်စေတီတော်၊ သက်တော်ရှည်စေတီတော်၊ ရွှေဘုံ သာစေတီတော်၊ ကိုးတောင်ပြည့် စေတီတော်များတည်ထားကိုးကွယ် ထားရာယခုသက်တော်ရစေတီတော် ကို ဆက်လက်တည်ထားကိုးကွယ် ခဲ့ပြီးပါတီဒုတိယဥက္ကဋ္ဌသူရဦးအေး မြင့်က လိုအပ်သော ဘိလပ်မြေအိတ် ၁ဝဝနှင့် အရှေ့မုခ်ဦးတွင်ကိုး ကွယ်ရန် ဥာဏ်တော်အမြင့်သုံးပေ ရှိ လာဘမုနိရုပ်ပွားတော်မြတ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးဇေယျာ 


Leave a Reply