လေပြင်းဒဏ်သင့် မွေတော်ကက္ကူ စေတီတော်နှင့် ပတ်ဝန်းကျင်ရှိ အပျက်အစီးများအား သန့်ရှင်းရေးဆောင်ရွက်

13051484_970522633069070_5593173537476158802_n

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် ဧပြီ (၂၂) ရက် ညပိုင်းတွင် တိုက်ခတ်သည့် လေပြင်းမုန်တိုင်းဒဏ်ကြောင့် ရှေးဟောင်း မွေတော်ကက္ကူ စေတီတော် ၂၄၇၈ ဆူရှိရာမှ စေတီတော် ၉၀၀ ၀န်းကျင်ခန့်မှာ ထီးတော်များ ပျက်စီးပြိုကျခြင်း၊ ဖောင်တော်ဆိုက် စေတီတော်မှာ ငှက်မြတ်နားတော်၊ ထီးတော်များ ပြိုကျပျက်စီးခြင်း၊ မွေတော်ကက္ကူစေတီတော် ပတ်ဝန်းကျင်ရှိ အိမ်များပြိုခြင်း၊ အိမ်ခေါင်မိုးများ ပြုတ်လန်ထွက်ခြင်း စသည့်အပျက်အစီးများ ဖြစ်ပွားခဲ့ရာ ယနေ့ ဧပြီ (၂၅) ရက်နေ့တွင် မွေတော်ကက္ကူဘုရား ရင်ပြင်တော် နှင့် ဘေးပတ်ဝန်းကျင်ရှိ အပျက်အစီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊  ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

13043622_847528728692045_8894118249228260689_n 13102607_970522766402390_8578639950200470974_n

Credit – Thura Shinn


Leave a Reply