ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး လှူဒါန်းမှုပြု

ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းထွန်း၊ ဘဏ္ဍာရေးမှူး ဦးမောင်အေးသိန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးမောင်သိန်းမြတို့အဖွဲ့သည် ဧပြီလ (၂၄) ရက် နေ့က ပေါက်တောချေကျေးရွာ၊ အဝဒါကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ကျေးရွာ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များ၊ အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့နောက် ပေါက်တောချေကျေးရွာ ရွာတွင်းလမ်းပြုပြင်ရန်အတွက် ငွေကျပ် ၄၀၀၀၀ ကို လည်းကောင်း၊ အဝဒါကျေးရွာ ရေကန်တူးဖော်ရန်အတွက် ငွေကျပ် ၅၀၀၀၀ ကိုလည်းကောင်း အသီးသီး ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


Leave a Reply