ဗီဒီယို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှု ပြုလုပ်နိုင်မည့် သီးသန့် ကင်မရာ app ကို Facebook ဖန်တီးနေ

facebook-periscope-live

လူမှုရေး ကွန်ရက်ဆိုက်ဖြစ်သော Facebook သည် သုံးစွဲသူများက ဓာတ်ပုံများနှင့် ဗီဒီယိုများ ပိုမိုဝေမျှမှု ပြုလုပ်နိုင်စေရန် ရည်ရွယ်ထားသော သီးသန့် ကင်မရာ app သစ်တစ်မျိုး ကို ဖန်တီးလျက်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ လန်ဒန်ရှိ Facebook အဖွဲ့တစ်ခုမှ ဖန်တီးနေသော အဆိုပါ app သည် Snapchat ကဲ့သို့ပင် ကင်မရာကို တိုက်ရိုက်ဖွင့်ကာ အသုံးပြုစေနိုင်ပြီး သုံးစွဲသူများက ဓာတ်ပုံနှင့် ဗီဒီယိုများကို လျင်မြန်စွာရိုက် ကူးစေနိုင်မည် ဖြစ်သည်။ ထို့အပြင် Meerkat နှင့် Periscope app များကဲ့သို့ပင် ဗီဒီယိုတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်မည့် လုပ်ဆောင်ချက်လည်း ပါဝင်မည်ဟု သိရသည်။ အဆိုပါ app သည် Facebook သုံးစွဲသူများ၏ ဓာတ်ပုံနှင့် ဗီဒီယိုဝေမျှမှု အရေအတွက် တိုးတက်မှု နှေးကွေးခြင်းကို ချေဖျက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ၂၀၁၆ ခုနှစ် ပထမသုံးလပတ်တွင် Facebook သုံးစွဲသူများ၏ ဓာတ်ပုံဝေမျှ မှုသည် ၃၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ပထမသုံးလပတ်၏ ၄၆ ရာခိုင်နှုန်းထက် ကျဆင်းသွားခဲ့ကြောင်း GlobalWebIndex ၏ ဈေးကွက်သုတေသန အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။


Leave a Reply