တိုင်းဧရာပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သည့် ၁၃၇၈ခုနှစ် မင်္ဂလာ အရုဏ်ဆွမ်းကပ် အလှူတော်

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧပြီလ (၂၂) ရက် နံနက်ပိုင်း က ၁၃၇၈ ခုနှစ် နှစ်သစ်မင်္ဂလာ အရုဏ်ဆွမ်းကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့ရာ နိုင်ငံတော် သြဝါဒါစရိယ ကုန်းသာကျောင်း တိုက်ဆရာတော် အမှူးပြုသော ပင့်သံဃာကိုးပါးက နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ပရိသတ်များက ဆရာတော်များထံမှ ရှစ်ပါး သီလခံယူဆောက်တည်ခဲ့ပါသည်။ ဆက်လက်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပေးပါသည်။
ထို့နောက် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် နှင့် ကော်မတီဝင်များက လှူဖွယ် ဝတ္ထုများဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးတိုင်းဒေသကြီး သာသနာ့နုဂ္ဂဟဥက္ကဋ္ဌ ဦးအောင် တင်မြင့်က သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။
ဆက်လက်၍ မောင်းထောင် ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူကာ အမျှပေးဝေခဲ့သည်။ ဆရာတော်နှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့အခမ်းအနားသို့ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်တိုင်းဒေသ ကြီး၊ ခရိုင်၊ ပုသိမ်မြို့နယ်မှ ကော် မတီဝင်များ တက်ရောက်ခဲ့သည်။ သံဃာတော်များနှင့်ဧည့်သည်တော် များကို မုန့်ဟင်းခါးဆွမ်းများ ကပ်လှူခဲ့ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်


Leave a Reply