စဉ်းစားကြည့်ပါ သူငယ်ချင်း

11940699_1625698204362863_8358509616755591310_n

သူငယ်ချင်း

မင်းစဉ်းစားကြည့်

တို့၏တိုင်းပြည်

လွတ်လပ်စေအောင်

ပြည်ထောင်စုဖွား

တိုင်းရင်းသားတို့

အားထုတ်စွမ်းဆောင်

ဂုဏ်ရည်ပြောင်ခဲ့

 

သူငယ်ချင်း

မင်းစဉ်းစားကြည့်

တို့၏တိုင်းပြည်

အဓွန့်ရှည်စွာ

သာယာစေကြောင်း

စုပေါင်းစွမ်းဆောင်

သမိုင်းပြောင်ခဲ့

 

သူငယ်ချင်း

တို့ခေတ်ကျမှ

ပြည်မပြည်နယ်

အသွယ်သွယ်ကို

ရှောင်ဖယ်ခွဲခြား

စည်းတားစေရန်

ထိုအကြံကို

ကြံသည့်သူများ

တို့အင်အားနဲ့

တားဆီးကြစို့ သူငယ်ချင်း။

 

ရဲရင့်ကျော်


Leave a Reply