Blackberry က သူတို့ရဲ့ Priv မော်ဒယ်ဖုန်းတွေအတွက် Android Marshmallow အစမ်းသုံးဗားရှင်းကို ထုတ်လုပ်ဖို့ စီစဉ်နေ

Blackberry ဖုန်းအသုံးပြုနေသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ Blackberry ဟာဆိုရင်တော့ သူတို့ရဲ့ Priv မော်ဒယ်ဖုန်းတွေအတွက် OS ပြောင်းလဲမှုတွေပြုလုပ်ပေးဖို့ ဆန္ဒရှိနေပြီး Android 6.0 Marshmallow နောက်ဆုံးထွက်ဗားရှင်းကို သူတို့ရဲ့ ဖုန်းတွေမှာ အစမ်းသုံးဗားရှင်းအနေနဲ့ ထုတ်လုပ်ဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ Blackberry က တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီလို OS ပြောင်းလဲမှုကြောင့် Blackberry ဖုန်းရောင်းအားက ပိုတက်လာနိုင်မယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။

ဒီလိုစမ်းသပ်မှုကိုတော့ Blackberry ဖုန်းအသုံးပြုသူအနည်းငယ်ကြားမှာပဲ မိတ်ဆက်ထားသေးပြီး နောက်ပိုင်းမှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်နိုင်မယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။

ဒီလိုအစမ်းသုံးစွဲမှုရဲ့ အကြံပေးမှုတွေကိုတော့ Blackberry ရဲ့ အင်ဂျင်နီယာအသင်းက လက်ခံသွားမှာဖြစ်ပြီး Android 6.0 Marshmallow OS ကို Blackberry ဖုန်းတွေမှာ အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာတော့ ဒီလို OS ပြောင်းလဲမှုကို Blackberry က မှတ်ပုံတင်ထားဆဲဖြစ်ပြီး လာမယ့် လေးပတ်နဲ့ ရှစ်ပတ်အကြာမှာ တကယ့် အစမ်းသုံးဗားရှင်းကို အသုံးပြုသူတွေကြားမှာ တရားဝင်ကြေညာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Priv ဖုန်းတွေဟာ Blackberry ရဲ့ နောက်ဆုံးမော်ဒယ်ဖုန်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလတုန်းကမှ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

( Paing A K )


Leave a Reply