ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများ အားကူညီထောက်ပံ့လှူဒါန်း

ယခုလအတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမအနီးရှိကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအတွင်းမီးလောင်ခဲ့မှူသောကြောင့်မီးဘေးသင့်ပြည်သူများအားမတ်လ၂၀ရက်နေ့နေ့လည်၁နာရီခန့်ကကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမြို့်အတွင်းရေးမှူးဦးကျော်ဆန်းဦးနှင့်ပါတီဝင်များမှစုပေါင်း၍စောင် ဆန် ဆီစသည့်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲသို့မြို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်သက်ဆိုင်ရာတာဝန်ရှိဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီးနောက်မီးဘေးသင့်ပြည်သူများကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူးမှပစ္စည်းများအားလက်ခံရယူခဲ့ပြီးနောက်မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ပါတီဝင်များမှမီးဘေးသင့်ပြည်သူများအား ရင်းနှီးနှုတ်ဆက်အားပေးခဲ့ကြောင်းသိရပါသည်။

“ကျမတို့ဒေသက၂၀၁၅ရွှေးကောက်ပွဲတုန်းကခြင်္သေ့ကိုမဲမထည့်ခဲ့တာများပါတယ်ဒါပေမဲ့ယခုလိုမီးဘေးသင့်ဒုက္ခရောက်နေချိန်မှာကြံ့ခိုင်ရေးပါတီကလာလှူတယ်ဆိုတော့စိတ်ထဲမှာတမျိုးပဲမီးလောင်လောင်ခြင်းနာရီပိုင်းမှာလဲသူတို့ပါတီဥက္ကဌဆိုတဲ့ပဲခူးတိုင်းကဝန်ကြီးချုပ်ကြီးကလည်းချက်ခြင်းလာရောက်ပြီးကျမတို့နဲ့ ရင်းရင်းနှီးနှီးအားပေးစကားလာပြောပြီးကူညီပေးခဲ့တယ်လေကျေးဇူးတင်ပါတယ်ပဲပြောတက်တော့တယ်”ဟုမီးဘေးသင့်ပြည်သူတဦးမှပြောကြားခဲ့ပါသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)


Leave a Reply