နွားထိုးကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးများ၏ မွမ်းမံသင်တန်းဆင်း

နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများ၏ စည်းရုံးရေးမွမ်းမံ သင်တန်းဆင်းပွဲကို ယခုလ ၂၅ ရက်က နွားထိုးကြီးပြည်ခိုင်ဖြိုးရုံး တွင်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသ ကြီး နယ်မြေမြို့နယ်တာဝန်ခံ ဦးမြတ်သူက သင်တန်းဆင်းအမှာ စကားပြောကြားသည်။ အခမ်းအနားသို့ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ နွားထိုးကြီးမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ဖေနှင့်ပါတီကော်မတီဝင်များ၊ သင်တန်း သားစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဌေးမြင့်မောင်(နွားထိုးကြီး)


Leave a Reply