နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ကြိုဆိုကြသည့် ပြည်သူများ၏အသံ

 

ဒေါ်ခင်ဝိုင်းကြည်
(အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဟောင်း)
*******************************************
လာကြိုဖြစ်ခဲ့တာက မေးစရာတောင် မလိုပါဘူး။ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ဂုဏ် ကိုဆောင်တဲ့ခေါင်းဆောင်ပေါ့နော်။ အဲ့ဒီ ခေါင်းဆောင်က ရှေ့ကနေပြီး အစိုးရ အဖြစ်သွားနေတဲ့အချိန်တုန်းက ဥပဒေပြု မဏ္ဍိုင်ကလည်း အရှေ့ကရှိနေတဲ့ မဏ္ဍိုင် ကို အထောက်အကူပြုတဲ့အနေနဲ့ အန်တီ တို့ကလည်းပါခဲ့တယ်လေ။အဲ့ဒီလို တက် ညီလက်ညီနဲ့လုပ်လိုက်ကြတာ သမ္မတကြီး သမိုင်းမှာ မှတ်ကျောက်အတင်ခံနိုင် လောက်တာတွေလုပ်ပေးခဲ့တာ အများကြီး ရှိတယ်လေ။သမ္မတကြီးက နိုင်ငံသူ၊နိုင်ငံ သားတွေရဲ့ကျေးဇူးရှင်အစစ်ပဲ။ ရင်ထဲ မှာ အဲ့လိုပဲခံယူထားသလို သမိုင်းအစဉ် အဆက်အတွက် လက်ဆင့်လည်း ကမ်း သွားမှာ။ အခုလိုနိုင်ငံ့ဂုဏ်ကိုဆောင်တာ၊ အခုလိုနားနေတဲ့အချိန်မှာတောင် ဆုရတာ ဒီထက်ဂုဏ်ယူစရာကောင်းတဲ့ ဒီထက် ဝမ်းသာစရာကောင်းတာရှိကိုမရှိဘူး။ ဆု ရတယ်ဆိုတာ တချို့က ထိုက်ထိုက်တန် တန်ရတာရှိတယ်။ တချို့က ထိုက်ထိုက် တန်တန်မရဘူး။ အန်တီတို့က မြင်ကြား နေရတာပဲလေ။ဘာကြောင့် ဒီဆုကိုရခဲ့ တာဆိုတဲ့ သမိုင်းမှတ်ကျောက်တွေအကုန် လုံးရှိတယ်။သမ္မတကြီးဆုရတာက အဲ့ဒီ တုန်းကရှိတဲ့မဏ္ဍိုင်တွေက စုစုစည်းစည်း လိုပဲပြောပြော အပြန်အလှန်ထိန်းကျောင်း တယ်ပဲပြောပြော အကုန်လုံးလုပ်ခဲ့တယ်။ သမ္မတကြီးကို ပြည်တွင်းမှာ စော်ကား တာတွေ၊ ပြည်ပမှာစော်ကားတာတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အကုန်လုံး ကိုရင်ဆိုင်ပြီး ပြုံးပြုံးလေးနဲ့ဖြေရှင်းသွား တာတွေ၊ ပြည်သူလူထုအတွက် လုံခြုံရေး နဲ့ကာကွယ်ရေးပေါ့နော်။ လက်နက်နဲ့ မဟုတ်သော်ငြားလည်း ပြည်သူတွေ စိတ် ချမ်းသာလောက်တဲ့အထိ ဥပမာ-အခုရှိ နေတဲ့ အနောက်တံခါးပြဿနာတွေကို ပြတ်ပြတ်သားသားနဲ့ ပြုံးပြုံးကလေး ဖြတ်ချပစ်ခဲ့တယ်။ ပြတ်ပြတ်သားသား လုပ်ခဲ့တယ်။သိပ်ပြီးလေးစားစရာကောင်း တာ။ ဆုသည်အခုရလာတာ။ ဒီဆုသည် သမ္မတကြီးနဲ့လုံးဝထိုက်တန်လို့ရတာဖြစ် တယ်။နိုင်ငံတော်ရဲ့ဂုဏ်နဲ့ပြည်သူလူထုရဲ့ ကာယသုခ၊ စိတ္တသုခကို အတိုင်းအတာ တစ်ခုထိလုပ်ပေးခဲ့တဲ့ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် လေးစားတယ်။ကြည်ညိုတယ်။ ဂုဏ်ပြုရမယ်။ အဲ့ဒါ ကြောင့် လာရောက်ကြိုဆိုတယ်။
============================================
ဒေါ်ဖြိုးသီခင်
(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီကော်မတီဝင် တာမွေမြို့နယ်)
********************************************
ညီမတို့ သမ္မတကြီးက ဂျပန်နိုင်ငံကို သွားပြီး ညီမတို့ပါတီအတွက်လည်း အရမ်းဂုဏ်ယူဖို့ကောင်းတဲ့ ဆုကြီးကိုရ တယ်။ ညီမအနေနဲ့လည်း သွားကြိုရမယ် လို့မထင်ထားဘူးပေါ့နော်။ သွားကြို ရမယ်ပြောတော့ အရမ်းပျော်ပြီး။ အရမ်း ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီထက်မက သမ္မတကြီးကို ပန်းစည်းပါကမ်းရမယ်ဆို တော့ ပိုပြီးဝမ်းသာသွားပါတယ်ရှင့်။ သမ္မတကြီးကို ညီမတို့ကိုယ်စားပြုရယ် မဟုတ်ခင်ကတည်းက အရမ်းချစ်တာ။အရမ်းဂုဏ်ယူတယ်။ လေးစားတယ်။ သမ္မတကြီးကို လာကြိုတဲ့လမ်းမှာလည်း ဆုတောင်းလာတာ။ သမ္မတကြီး ဒီထက် အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်း လာတာ။ ပါတီအတွက်ရော၊ နိုင်ငံနဲ့ ပြည်သူတွေအတွက်ရော သမ္မတကြီး အသက်ရှည်ပါစေလို့ ဆုတောင်းတယ်။ ဂုဏ်လည်း အရမ်းယူပါတယ်ရှင့်။
============================================
ဒေါ်မြတ်မြတ်မော်(မင်္ဂလာဒုံမြို့နယ်)
***************************************
လာရောက်ကြိုဆိုဖြစ်တာကတော့ Facebook အကောင့်ထဲမှာ တွေ့တယ် လေ။ အဘကိုချစ်တဲ့သူတွေ ဆုံကြမယ် ဆိုတော့ ညီမတို့ကလဲ အဘကိုချစ်တယ်။ မြတ်နိုးတယ်လေ။ သံယောဇဉ်လဲ ရှိ တယ်။ ဒါကြောင့်အရမ်းဝမ်းသာအားရနဲ့ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်။ ဆုရ တာနဲ့ပတ်သက်ပြီး အဘကိုဂျပန်နိုင်ငံက ချီးမြှင့်တဲ့ဆုကြီးကိုရတဲ့အတွက် အရမ်း လည်း ဝမ်းသာတယ်။ အဘက အရင်လို သမ္မတတာဝန်မရှိတော့ပေမဲ့လည်း အရင် သမ္မတတာဝန်ယူစဉ်က အဘဆောင် ရွက်ခဲ့တာတွေကြောင့်ရတယ်ဆိုတာကို သိရတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူ တယ်။ အဘအတွက်လဲ ဆုတောင်းပေး ချင်ပါတယ်။ အဘ ဘာသာသာသနာ အကျိုး ဒီထက်ပိုဆောင်ရွက်နိုင်ပါစေ။ အသက်ရာကျော်ရှည်ပါစေ။
==============================================
ဦးမောင်မောင်ကြည်(မင်္ဂလာဒုံမြို့နယ်)
*****************************************
ဒီနေ့သမ္မတကြီးပြန်လာမယ်ဆိုတော့ ဒီမိုကရေစီကို အကောင်အထည်ဖော်ပေး ခဲ့တဲ့ သမ္မတကြီးကို အားရဝမ်းသာနဲ့ လာကြိုတာ။ပြန်ရောက်မယ်ဆိုတာကို ကျွန်တော်တို့ င်္ခေနဘသသုထဲမှာ တွေ့ခဲ့ တယ်။ဒီမိုကရေစီလမ်းကြောင်းစဖော်တဲ့ သမ္မတကြီးဆုရတယ်ဆိုတော့ ဝမ်းသာ တာပေါ့ဗျာ။ဒီမိုကရေစီဖခင်ကြီးပဲဗျာ
================================================
ဒေါ်မေဦး
(တာချီလိတ်မြို့၊ရှမ်းပြည်နယ်အရှေ့ပိုင်း)
********************************************
တာချီလိတ်မှာနေတာပါ။ ရန်ကုန်ကို ရောက်နေတဲ့အချိန် လူမှုကွန်ရက်ပေါ်က နေ တစ်ဆင့်သိပြီးတော့ လာကြိုဖြစ် တာပါ။ ပြည်သူတစ်ယောက်အနေနဲ့ ဘဘကြီးကို မြင်လဲမြင်ချင်တယ်။ တွေ့ လဲတွေ့ချင်တယ်။ မတွေ့တာလဲကြာပြီ။ဘဘကြီးမျက်နှာကို တဝကြီးကြည့်ချင် လို့လာကြိုတယ်ပေါ့။အရင်က ဘဘကြီး ဆုတွေယူခဲ့တာတော့အများကြီးပေါ့နော်။ အခုယူတဲ့ဆုကလဲ ဘဘကြီးတိုင်းပြည် အတွက်ဆောင်ရွက်ပေးမှုတွေကြောင့်ရခဲ့တဲ့ အတွက် ထိုက်တန်တဲ့ဆုလို့လဲ မြင်တယ်။
=====================================
ဦးတင်ဆွေ ဒုတိယဥက္ကဌ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
***********************************************
အန်ကယ်ပုံနဲ့ပတ်သက်ပြီး ပြောရရင် တော့ We are Myanmar, We Can do. ငါတို့ မြန်မာတွေသည် လုပ်နိုင်တယ်။ လုပ်နိုင်တဲ့သူကို မလုပ်နိုင်တဲ့သူက ဂုဏ်ပြုရတာ ဒါမင်္ဂလာပဲ။ ဒါကြောင့် ဂုဏ်လည်းယူတယ်။မြန်မာတွေ ဒီလိုရ ခဲ့တယ်။ တစ်ချိန်က အဓိပတိဒေါက်တာ ဘမိုက ဂျပန်ဘုရင်ကိုယ်တိုင်က ကင် ဒိုကေပေးတဲ့လည် ဆုကြီးတောင်ရခဲ့ တယ်။ အခုလည်းတို့ရဲ့ သမ္မတကြီး၊ ၂ဝ၁ဝ အရွေ့သမ္မတကြီးက ဒီဆုကိုရ တယ်ဆိုတော့ ငါတို့နိုင်ငံသားတွေအနေနဲ့ လည်း ဂုဏ်ယူတယ်။ နိုင်ငံသားအနေနဲ့ လည်း ဂုဏ်ယူတယ်။ နိုင်ငံရေးသမား တွေအနေနဲ့လည်း ဂုဏ်ယူတယ်။

Union daily