ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမအတွင်း ယနေ့ နံနက် ၉နာရီခန့်က လစဉ် ပုံမှန်စည်းဝေးပွဲ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးကာ အတွင်းရေးမှူးဦး စည်သူအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ရပ်/ ကျေးစည်းမှူးများက ပြန်လည်ဆွေးနွေးခြင်းများပြုခဲ့ကြောင်း သိရ သည်။ အစည်း အဝေးသို့ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ တက်ရောက်ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)