မြို့နယ် အရံပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ လုပ်ငန်းညှိနိုင်း အစည်းဝေး ကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ၁၁ – ၃ – ၂၀၁၇ရက်နေ့ ၁၀း ၃၀နာရီတွင် မြို့နယ် ပါတီ ကော်မတီဝင်များ ၊ မြို့နယ် အရံ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအောင် တိုး တက်ရောက်လမ်းညွှန်စကားပြောကြားခဲ့ ပါ သည် ။

အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင် ဦးခင်မောင်စန်းငွေ ၊ မြို့နယ်ပါတီကော်မတီ ဝင်များ ၊မြို့နယ်အရံပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီ ကော်မတီဝင်များ ၊ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပါတီဝင်များ စွမ်းဆောင်ရည်မြင့်မားရေး ၊ ဒေသဖွံ့ဖြိုးရေး ၊ လက်ရှိ နိုင်ငံ ရေး အခြေအနေများ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မှ ၁၁ – ၃ – ၂၀၁၇ရက်နေ့ ၁၀း ၃၀ နာရီတွင်မြို့နယ်ပါတီ ကော်မတီဝင်များ ၊ မြို့နယ် အရံ ပါတီကော်မတီဝင်များနှင့်ရပ်/ကျေးစည်းရုံးရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအောင်တိုး တက်ရောက်လမ်းညွှန်စကားပြောကြားခဲ့ ပါ သည် ။

ဆက်လက်ပြီး ယနေ့ အစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း တက်ရောက်လာပြီး ပါတီလုပ်ငန်းများ ဆွေးနွေး ညှိနိုင်း ကာ ” သွေးမေတ္တာ ” လူမှုကူညီရေးနှင့်သွေးလှူရှင်အသင်း အတွက် အောက်စီဂျင်ဗူး ( ၁ )လုံး ကျပ်တစ်သိန်းနှစ်သောင်း( ၁၂၀၀၀၀ိ/- )လှူဒါန်း ခဲ့ပါသည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်မှလည်း ချောင်းဦးမြို့နယ်ပါတီမှ ဆောင်ရွက်ထားရှိမှု ၊ ဆောင်ရွက်ဆဲ ၊ ဆောင်ရွက်ရန် အစီအမံများကို ပရိုဂျက်တာ ဖြင့် တက်ရောက်လာသော တိုင်း ၊ ခရိုင် ၊ မြို့နယ် ၊ ရပ်/ကျေး ပါတီကော်မတီ ဝင် များအားရှင်းလင်းတင်ပြပါသည်။

ထိုနောက် တက်ရောက်လာသူများအားလုံးကို ကြက်သား ဒံပေါက်ဖြင့်တည်ခင်းဧည့်ခံကာ အစည်းအဝေးကို ( ၁၃း ၄၅ )နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ချောင်းဦး ပြည်ခိုင်ဖြိုး