ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလိှုင်သာယာမြို့နယ်တွင်ကွင်းဆင်းစည်းရုံး

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက်အတွင်း မတ် (၂၇) ရက် နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစည်းရုံးခဲ့သည်။

အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီခေတ္တဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အမှတ်(၁၁) ရပ်ကွက်ပါတီဝင်များက မဲဆန္ဒရှင် ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်ပြီး မိတ်ဆက်ဂါရဝ ပြုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်ဆန္ဒမဲပေးရန် နမူနာ ပုံစံတို့ကို လိုက်လံရှင်းလင်းပြသ ခဲ့သည်။

ထို့ပြင် အခြားရပ်ကွက် ကျေးရွာများတွင်လည်း ပါတီဝင်များနှင့် အောင်နိုင်ရေးအဖွဲ့များက အလား တူဆောင်ရွက်ခဲ့ကြသည်။

ယူဒီနေ