ကြားဖြတ်ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးစတင်

 

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတွင် ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ကျေးရွာ အတွင်း လှည့်လည် စည်းရုံးဟော ပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ် ဘီးလူးကျွန်း ချောင်းဆုံမြို့နယ်ရှိနေအိမ် များသို့ တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် လိုက်လံမဲဆွယ်စည်းရုံးရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ပြည်သူများ အားကိုးအားထားလောက်မှု နှင့် တရင်းတနှီးနွေးထွေးစွာကြိုဆို နှုတ်ခွန်းဆက်စကားများ ပြော ကြားခဲ့ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်