ကြားဖြတ်ရွေးကောက်ပွဲဝင် မုံရွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးပွဲများသို့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် လိုက်ပါ အားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ဖေဖော်ဝါရီ (၂၂) ရက် ညနေ (၁၅:၀၀) အချိန်တွင် မုံရွာမြို့နယ် ရေကန်စုကျေးရွာ ရပ်မိရပ်ဖ ဦးအောင်တင်ပေါ၏ နေအိမ်တွင်လည်းကောင်း၊ ညနေ (၁၆:၀၀) အချိန်တွင် ကျောက္ကာ (မြောက်) ကျေးရွာ ရပ်မိရပ်ဖ ဦးကျော်သူ၏နေအိမ်တွင် လည်းကောင်း ကျင်းပပြုလုပ်သည့် ၂၀၁၇- ကြားဖြတ်ရွေးကောက်ပွဲ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ လိုက်ပါအားပေးခဲ့သည်။

 

အဆိုပါမဲဆွယ်စည်းရုံးပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်)၊ အတွင်းရေးမှူး ဦးအောင်ဇော်ဦး (ဗဟိုကော်မတီဝင်)၊ ဦမင်းမင်းဇေယျာမြင့် (ဗဟို ကော်မတီဝင်)၊ ဦးစောမြင့်ဦး (ဗဟိုကော်မတီဝင်)၊ ဒေါ်သိင်္ဂိဝင်းရွှေ (ဗဟိုကော်မတီဝင်)၊ ဒေါ်ညွန့်ညွန့်ဋ္ဌေး (ဗဟိုကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဒေါ်ယဉ်မာဝင်းနှင့် မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ပါတီ တို့မှ ပါတီကော်မတီဝင် များတို့လည်း လိုက်ပါအားပေးကြပါသည်။

ဦးစွာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်မှ မိဘပြည်သူများအား ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်နှင့် မိတ်ဆက်ပေး ခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံး ရေးနှင့် ပတ်သက်ပြီး ဟောပြောစည်းရုံးခဲ့ရာ ရေကန်စုကျေးရွာမှ ဒေသခံ ပြည်သူ (၅၀) ဦးခန့်နှင့် ကျောက္ကာ (မြောက်) ကျေးရွာမှ ဒေသခံပြည်သူ (၈၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
အေးဇေယျာ