ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ပန်းဖလက်များ ဖြန့်ဝေ

 

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း ဦးအောင်ကြည်သိန်း အောင်မြင်ရေးအတွက် ယနေ့ မတ်လ
(၂၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကညော်ကျေးရွာနှင့် ဘိုးနက်၊ သက္ကော ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများဆီသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ပန်းဖလက်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ပန်းဖလက်များဖြန့်ဝေရာတွင် ကျေးရွာရှိမဲဆန္ဒရှင်များမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းအား အောင်သပြေများနှင့် အမွေးနံ့သာရည်များဖြင့် ပတ်ဖျန်းကာ ကြိုဆိုခဲ့သည်။

အဆိုပါပန်းဖလက်များဖြန့်ဝေရာ၌ ကရင်ပြည်နယ်မှ ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးစန်းကို ဦးဆောင်သော အဖွဲ့ဝင် (၈၀) ဦးနှင့် မွန်ပြည်နယ် သထုံ ခရိုင်ရှိ မြို့နယ် (၄) မြို့နယ်မှ ကော်မတီဝင်များ စုစုပေါင်းအင်အား (၁၅၀) ဦး တို့သည် တစ်အိမ်ဝင်တစ်အိမ်ထွက် ပန်းဖလက်များ ဖြန့်ဝေခဲ့ကြသည်။

#naylinnhtun