ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ပြည်ခိုင်ဖြိုးပါတီ ဝင်ပြိုင်မည်

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ပြောသည်။

tin4

အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ခေတ္တရပ်နားချိန်တွင် ထိုသို့ပြောကြားခြင်း ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများကိုမူ မရွေးချယ်ရသေးကြောင်း ပြောသည်။

ထို့အပြင် ပါတီအနေဖြင့်ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း သုံးသပ်မှုများလုပ်နေကြောင်း ၎င်းကဆိုသည်။

”ပြီးခဲ့တဲ့ အကြိမ်ရွေးကောက်ပွဲရှုံးခဲ့တဲ့ အားနည်းချက်တွေကို သုံးသပ်တယ်။ အားသာချက်တွေ ဖြစ်အောင်လုပ် တယ်။ နောက်ပါတီကို အင်အားတောင့်တင်းအောင် ပြန်ဖွဲ့စည်းထားတာပေါ့”  ဟု ၎င်းက ပြောသည်။

# ပေါ်ပြုလာ


Leave a Reply