ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ဇန်န၀ါရီ ၃၀ ရက် စတင်မည်

ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် စတင်မည့်ကာလကို ဇန်န၀ါရီ ၃၀ ရက်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားရာ ယခုလကုန်ကစ၍ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ် သည်။

မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားရာ မတ်လ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ မတ်လ ၃၁ ရက်ကို Silent Day သတ်မှတ်ထားရာ ယင်းနေ့တွင် မည်သည့် မဲဆွယ်စည်းရုံးမှုမျှ မပြုလုပ်ရန် တားမြစ်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ပထမရက် ၃၀ ၌ မဲဆွယ်စည်းရုံးမှုနည်းပါးခဲ့ပြီး ဒုတိယ ရက် ၃၀ မှသာ အရှိန်မြှင့် မဲဆွယ်စည်းရုံးခဲ့ကြသည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ၉၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာ နှင့် ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာ ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေသည် ၂ ဒသမ ၂ သန်းခန့်ရှိကြောင်း ကော်မရှင်မှ သိရ သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၄၀,၁၄၀ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၃၄,၂၉၅,၃၃၄ ဦး ရှိသဖြင့် မဲရုံတစ်ရုံလျှင် ပျမ်းမျှ မဲဆန္ဒရှင် ၈၅၅ ဦးရှိခဲ့သည်။

# 7 Day Daily