(၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်တိုက်နယ်မိသားစုမှ ဦးစီးပြီး ၂၀၁၇ ခုနှစ် (၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပခြင်း အခမ်းအနားကို ဧပြီ (၂၁) ရက် နံနက် (၆) နာရီအချိန်က ချိကယ်တံခွန်တိုင်ကွင်း မောဒူဒီးဘိုးဟိုး ကွင်းပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားတွင် ကယားပြည်နယ် တံခွန်တိုင်ရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် တံခွန်တိုင်ရိုးရာ ဂေါပအဖွဲ့ဝင် များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့များ၊ တံခွန်တိုင်မော်မိုးကော်မတီအဖွဲ့များ၊ ထေးသမ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအသီးသီးမှ တံခွန်တိုင် ယဉ်ကျေးမှု အဖွဲ့များ၊ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းမှ ယဉ်ကျေးမှုအဖွဲ့များ၊ ချိကယ် အုပ်စုရွာမိရွာဖများ စုစုပေါင်းအင်အား (၅၀၀)ကျော် တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

# လမင်းချစ်သူ