(၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများကို ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေအတွင်း ရေးမှူးဦးဌေးဝင်းဦးဆောင်သော ရှစ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂၂ဝ တို့ သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်တွင်ယခုလ ၂၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့်(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင်ချီတက်ကြသောစစ်ရေးပြစစ်ကြောင်းကြီး များကို တန်းစီကွင်းမှ စစ်ရေးပြကွင်းသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် ဂုဏ်ပြုပန်းစည်း များ၊ ပန်းကုံးများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစစ်ရေးပြအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူးဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ရှစ်မြို့နယ် များမှဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံး ရေးမှူးများနှင့်ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Union daily