(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ညစာစားပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်ဂုဏ်ပြု

 

(၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အဆင့် ညစာစားပွဲကို နိုင်ငံတော် သမ္မတအိမ်တော် ဥပစာမြက်ခင်း ပြင်တွင် ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ ဖိတ်ကြားချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ဂုဏ်ပြု ခဲ့သည်။ အခမ်းအနားကို ညနေ ၆ နာရီတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တို့က ဖိတ်ကြားခံတက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ဧည့်ခံခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင် သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချို၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီးဒေါ်ဌေးရီ၊ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေး သီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဒုတိယဥက္ကဋ္ဌများနှင့်ဇနီးများ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်၎င်းတို့၏ ဇနီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်၎င်းတို့၏ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တပ်မတော်အရာရှိကြီးများ နှင့် ၄င်းတို့၏ဇနီးများ၊ လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သံ အမတ်ကြီးများနှင့် ၄င်းတို့၏ဇနီး များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ၄င်း တို့၏ဇနီးများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
(၆၉)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြပြီး ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း တေးသံရှင်များက မြန်မာ့ အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည်။

သာလှ(ပျဉ်းမန