ဝုဖ်ဘတ်တောင်ပံကစားသမား ဒရက်စ်လာကို ပေါင်သန်း ၃၀ ဖြင့် ပီအက်စ်ဂျီအသင်း ခေါ်ယူ

ဘွန်ဒက်စ်လီဂါကလပ် ၀ုဖ် ဘတ် တောင်ပံကစားသမား ဒရက်စ်လာကို ပြင်သစ်လီဂူးဝမ်း ချန်ပီယံပီအက်စ်ဂျီက ပေါင်သန်း ၃၀ ဖြင့် ၂၀၂၁ အထိ စာချုပ်ချုပ် ဆိုလိုက်သည်။

 

ဂျာမနီလက်ရွေးစင် ဒရက်စ် လာသည် ၂၀၁၅ က ရှော်လ်ကေးမှ ၀ုဖ်ဘတ်သို့ ပြောင်းလာခဲ့ပြီး ယင်းနှစ်သင်းပေါင်း အတွက် ၁၅၃ ပွဲ ကစားခဲ့သည်။

လုပ်ခလစာ ယူရို ကိုးသန်း ရမည့် ဒရက်စ်လာက ပီအက်စ်ဂျီ အသင်းသို့ ရောက်ရှိ၍ အလွန် ပျော်ရွှင်မိသည်ဟု ပြောသည်။

‘‘ကျွန်တော့်ရဲ့ ဘောလုံး သမားဘ၀မှာ ပထမဆုံးအကြိမ် အနေနဲ့ နိုင်ငံသစ်တစ်နိုင်ငံကို စူး စမ်းရတော့ ချန်ပီယံအသင်းသစ် မှာ အရမ်းကောင်းတဲ့ ကစားသမားတွေရှိတဲ့အသင်းမှာ ကစားရတော့မှာဖြစ်လို့ အရမ်းဂုဏ် ယူမိပါတယ်’’ ဟု ဒရက်စ်လာက ပြော ကြားသည်။

ပီအက်စ်ဂျီအတွက် ဆုဖလားအသစ်များ ရရှိရန် ကူညီပေးလိုကြောင်း ၎င်းက ပြောကြားသည်။

ဒရက်စ်လာအတွက် ပီအက်စ်ဂျီက ၀ုဖ်ဘတ်အသင်းအား အပိုကြေး ယူရို ၁၀ သန်း ပေးမည်ဖြစ်ကြောင်း သိရသည်။

နည်းပြ ယူနိုင်းအမ်မရီသည် ငါးနှစ်ဆက်တိုက် လီဂူးဝမ်းဖလား ရရှိရေး ကြိုးစားနေပြီး ရာသီဝက်အားလပ်ချိန်တွင် ဒရက်စ်လာ ရောက်ရှိလာစဉ် ပီအက်စ်ဂျီသည် ထိပ်ဆုံးမှ နိန့်စ်အသင်းထက် ငါးမှတ်လျော့၊ ဒုတိယနေရာမှ မိုနာကိုထက် သုံးမှတ်လျော့ဖြင့် တတိယနေရာ၌ ရှိနေသည်။

Ref: Goal