ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် နာမည်ကြီးများ အနိုင်ရ

Britain Tennis - Wimbledon - All England Lawn Tennis & Croquet Club, Wimbledon, England - 28/6/16 USA's Serena Williams celebrates winning her match against Switzerland's Amra Sadikovic REUTERS/Stefan Wermuth

ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင်နေတဲ့ ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ နာမည်ကြီးတွေဖြစ်တဲ့ အန်ဒီမာရေး၊ ဝေါ်ဝင်ကာနဲ့ ဆရီနာ ၀ီလျံစ်တို့ အနိုင်ရသွားပါတယ်။

ဗြိတိန်နိုင်ငံသား မာရေးက ၃ ပွဲပြတ်နဲ့ အနိုင်ရသွားသလို အမေရိကန်သူ ဆရီနာက ပြိုင်ဘက်ကို ၂ ပွဲပြတ်နဲ့ အနိုင်ယူသွားပါတယ်။

ဆွစ်ဇာလန်နိုင်ငံသား ဝေါ်ဝင်ကာကတော့ ၄ ပွဲအထိ ရိုက်ခဲ့ရပြီးမှ ဒုတိယအဆင့်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၁ ဖြစ်တဲ့ ဆရီနာဟာ ဂရန်းစလန်း ဆုဖလားပေါင်း ၂၁ ခု ရရှိထားပါတယ်။

ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဆရီနာဟာ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် စတက်ဖီဂရပ် တင်ထားတဲ့ ဂရန်းစလန်း ဆုဖလား ၂၂ ကြိမ်ရတဲ့ စံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply