မြ၀တီမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ် အုတ်မြစ်ချရာတွင် လုပ်အားဒါနပြုဆောင်ရွက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးထွန်းနေအောင်၊ မြို့နယ်ပါတီကော်မတီ ဦးအောင်ဝင်းတို့သည် မြို့ပေါ်အမှတ် (၁) (၂) (၃) ရက်ကွက်နှင့် ညီနောင်၊ ဝှေရှမ်း၊ မဲ့ပလဲ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကေဒါ (၂၅) ဦးတို့လိုက်ပါ လျက် ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်းက မဲ့ပလဲကျေးရွာအုပ်စု လိုက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဓမ္မာရုံသစ် အုတ်မြစ်ချရာ၌ တစ်နေ့တာလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ ဆရာတော် သံဃာတော်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ရွှေအုတ်၊ ငွေအုပ်၊ ပတ္တမြားအုတ်များကို အုတ်မြစ်ချ ပေးခဲ့ကြပြီး ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ဒေသခံရွာသားများမှ လုပ်အားဒါနများ စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

Credit – U Myint Oo


Leave a Reply