မြန်အောင်ပြည်ခိုင်ဖြိုးတွင် ခရိုင်နှင့် မြို့နယ်နှစ်ခုရှိ ပါတီရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးဧည့်ခန်းမ၌ ဟင်္သာတခရိုင်ပြည်ခိုင်ဖြိုး၊ ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုး နှင့် မြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၁၃ ရက်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်၊ ခရိုင်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်တင်မြင့်၊ ခရိုင်လူငယ်ရေးရာတာဝန်ခံ ဒေါ်ထား ထားလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်ကြည် နှင့်မန်းတင်စိုးတို့ ဦးဆောင်ကာဆွေးနွေးကြပြီး ကြံခင်းနှင့် မြန်အောင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊အမျိုးသမီးရေးရာ၊လူငယ်ရေးရာတာဝန်ခံ များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ယခုလိုဆွေးနွေးပွဲများ ကို ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခု၌ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မြန်အောင်မြို့နယ်တွင် ပထမဦးဆုံးကျင်းပခြင်းဖြစ် သည်ဟု ခရိုင်ပါတီဥက္ကဋ္ဌကပြောသည်။

နေဝင်းဇော်(မြန်အောင်)