မြန်အောင်ပြည်ခိုင်ဖြိုး အမျိုးသမီးများတွေ့ဆုံပွဲကျင်းပ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ အမျိုးသမီးများတွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် အင် ပင်ကျေးရွာရှိမြို့မပရဟိတကျောင်း တိုက်တွင်ကျင်းပခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးနေဝင်းဇော်က အဖွင့်အမှာ စကားပြောကြားခြင်း၊ ဘဏ္ဍာရေး မှူးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ် မြတ်သူက အမျိုးသမီးတွေ့ဆုံပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ အမျိုး သမီးအဖွဲ့ခေါင်းဆောင် ဒေါ်ခိုင်ခိုင် ဦးက အမျိုးသမီးများအကြမ်းဖက် မှုမှ ကာကွယ်နိုင်ရေးဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြပြီး တွေ့ဆုံပွဲ တက်ရောက်လာသော အမျိုးသမီး များက အစုအဖွဲ့လိုက်ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အင်ပင်တိုက်နယ်၊ တာခွထန်းတိုက်နယ်နှင့် တောင်ရိုး တိုက်နယ်တို့မှ အင်အား ၂၂၁ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲမှ ရရှိသောဆုံးဖြတ်ချက်မှာ အမျိုး သမီးထုတစ်ရပ်လုံးကို ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးများက ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးနှင့် အထွေ ထွေကိစ္စရပ်များအား ဦးဆောင်မှု ပြုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြ သည်။
မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ အမျိုးသမီးတွေ့ဆုံပွဲများ ကိုလစဉ်ကျင်းပသွားရန်စီစဉ်ထား ကြောင်း အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ယဉ်မြတ်သူထံမှ သိရသည်။

နေဝင်းဇော်(မြန်အောင်)