မြန်မာရေတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော The Daily Star သတင်းစာ Online Report ဖော်ပြချက် မှန်ကန်မှုမရှိဟု ထုတ်ပြန်

မြန်မာရေတပ်မှ ပစ်ခတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online Report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည်ဟု ဇန်န၀ါရီ (၅) ရက်က ထုတ်ပြန်သည်။

ဇန်န၀ါရီလ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာအခြေစိုက် The Daily Star သတင်းစာ၏ Online Report တွင် “6 Bangladeshis shot in Myanmar firing at Bay” ဟု ဖော်ပြထားသော သတင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီးကို မြန်မာရေတပ် သင်္ဘောတစ်စီးက လိုက်လံ ပစ်ခတ်ခဲ့၍ ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဖော်ပြထားသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို တပ်မတော် (ရေ) မှ ပစ်ခတ်ခဲ့ခြင်းမရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

# Mizzima